Thursday, November 6, 2008

does the end justify the means?

ကံကြမ္မာဖေးမ၍ကျွန်တော် ကို နာဂစ်ကယ်ဆယ်ရေးလုပ်နေတုန်း Myanmar Egress က UN , ASEAN , Myanmar NGO ပေါင်းစီးထားသော VTA ဟုခေါ်သော project တစ်ခုတွင် logistics တစ်ယောက်အနေနုင့် တာဝန်ပေးခဲ့ တယ်လေ။ နာဂစ်ဒဏ်ခံရတဲ့ မြို့ တွေဆီပေါ့။ အဲဒီ VTA project က ရည်ရွယ်ချက်ကအတော်ကောင်းတာပေါ့။ယူနိုက်တတ်နေရှင်း ၊ မြန်မာအစိုးရ နဲ့ အင်ဂျီအို တို့ရ ပထမဆုံး ပရောဂျက်ကြီးပေါ့။ ဒီပရောဂျက်မှတဆင့် မြန်မာဒီမိုကရေစီအရေးကို သုံးဖွဲ့ပေါင်းပြီး အတူတည်ဆောက်ကြမယ်လို့ စိတ်ကူးယဉ်ကြတယ်ပေါ့။ ဒါပေမဲ့ တကယ်အလုပ်လုပ်ကြည့်တဲ့အခါ ကျွန်တော်တို့ထင်သလိုမဟုတ်ဘဲ UN အရာရှိတွေလုပ် ဆောင်ချက်က ကျွန်တော်တွေးထားတာနဲ့ တလွဲကြီးဖြစ်နေတဲ့ အခါ...........

ကျွန်တော်နဲ့အတူတာဝန်ကျတဲ့ UN Officer က အမေရိကန်ကနှစ်ယောက် ၊ အစိုးရအရာရှိ ( ၄ ) ဦး ( ဒါရိုက်တာ အ ဆင့်တွေ ပါ ) ၊ ဘာသာပြန်လိုလို ကိုအော်ဒီနိတ်တာလို လိုတစ်ဦး နှင့် ဆာဗေယာ ( ၃၀ ) လောက်ပါပါ တယ်။ ဇက်လမ်းကဒီမှာစတောာ့တာဘဲ၊ အဲဒီသုံးယောက်ကတော်တော်ပါဝါရှိတယ်ဗျာ။ကျွန်တော်တို့လော်ဂျစ် စတစ်တွေက သူတို့ (၃) ဦးနဲ့ ဆာဗေယာတွေ လိုအပ်တာဖြည်ံဆည်းပေးရမှာ ဥပမာ လှေ၊ ကား (အမယ် ဖိုးဝီုး ဆလွန်းကားဆိုဘဲ၊ နယ်မြို့မှာ ဒီလိုကားမျိုးတွေ ရှားတယ်ဗျာ။ဲ NGO က ဒီလိုညွန်ကြားထားတာ ပါ ။ အဲတာကU N ဘက်က လာတဲ့လူတွေလေ၊
အစိုးရဘက်ကတော့ ဒါရိုက်တာ (သို့ ) ဒုဦးစီး စသည်ဖြင့် ( 4 )ဦးလောက် ပါကြတာပေါ့၊
NGO ဘက်ကတော့ survey ကောက်မဲ့ လူငယ် (၂၀ (သို့ ) ၃၀ ကျော် တမြို့စီမှာ ထည့်ပေးရတာပေါ့။
ကျွန်တော်တို့ကိုလည်း NGO က logistics အနေနဲ့ ဒီNGO က ပဲရွေးချယိပြီးပို့ပေးတာပေါ့၊ကျွန်တော်တို့ကအရင်သွားနှငိ့ပြီး ကားတို့ လှေတို့ ဒီပရောဂျက် (၁၀ ) ရက်အတွတ် ကြို ငှားထားရတယ်လေ။ ပြီးတော့ UN officers တွေ ၊ အစိုးရအရာရှိတွေ နဲ့ ဆာဗေယာတွေအတွတ် နေစရာရှာပေးထားရတာပေါ့၊ အလွန်ဟိတ်ဟန်များတဲ့ UN က အရာရှိတွေအတွတ် တိုက်တစ်လုံး ၊ကားနှစ်စီး ငှားပေးထားရတယ်လေ။ ဆာဗေယာတွေအတွတ် ကားနဲလှေက အဆင်ပြေသလို စီစဉ်ပေးရတာပေါ့။ ပုံသေတော့မဟုတ်ဘူး။ အစိုးရအရာရှိတွေအတွတ် တည်းခိုခန်း ရှာပေးရတယ်လေ။ သူစရိတ်သူရှင်းပေါ့။ ဟုတ်ကဲ့ UN officers တို့အတွက် တိုက်တစ်လုံး ( တစ်လစာ ) ငှားပေးတယ် နောင် ပြီး ကားနှစ်စီး ( ဖိုး.ဝှီး ) (၁၀) ရက်စာငှားပေးထားရတာပေါ့။ ဒိနေရာမှာတင် UN project ကို ကျွန်တော် တော် တော် စိတ် ကုန်သွားတယ်။ စဉ်းစားကြည့်ပါ ဗျာ ။ UN ရယ် ၊ မြန်မာအစိုးရ ရယ် ၊ အင်ဂျီအို ရယ် အတူတူပူးပေါင်းပြီး သာတူညီမျှ လုပ်ဆောင်ရမယ့် ကိစ္စ မှာ ( သူတို့ဒီလို ကြွေးကြော်ခဲတာပါ )။ကျွန်တော်တို့က UN officers တွေကိုဖူးဖူးမှုတ်ထားပြီး ၊ ကျန်တဲ့ သူကို လှည့်မကြည့်ဘဲထားရမယ်တဲ။ အထူးသဖြင့် မြန်မာ အရာရှိ တွေကိုပေါ့။ကျွန်တော် တပ်မတော်အစိုးရကို မကြိုက်ပါဘူး ။ ဒါပေမဲ့ ခွဲခြားတာတော့မကြိုက်ဘူး။ ဒီအရာရှိတွေကလည်း နာဂစ်မှာလူတွေတော်တော် ဒုက္ခ ရောက်လို့သာသီးခံနေတာ ပါ။စိတ်ထဲကတော့ကြေနပ်ပုံမပေါ်ဘူး။ ကျွန်တော်လည်း တော်တော် စိတ်မကောင်းဖြစ်ရတယ် တကယ်ပါ။

ကိုယ့်မြန်မာလူမျူိုးကို လာနှိမ်သလိုခံစားခဲ့ရတာပါ။ ဘာကောင်တွေမှန်းမသိပါဘူးစိတ်လေတယ်။ ဒီကြားထဲ ဆာဗေယာတွေက တမှောင့် သူတို့ကလည်း UN အားကိုး နဲ့ တောင်းဆိုချက်များမှများ ။သူတို့က ဒီလိုတောင်းဆိုကြတော့ ကျွန်တော်ကဒီလိုမြင်တာပေါ့။ ကျွန်တော်တို့တွေဟာ ဒီမိုကရေစီနဲ့ထိုက်တန်ပါရဲ့လားလို့။ တ ကယ်လို့ ကျွန်တော်နေရာနမှာ စစ်ဗိုလ်တစ်ယောက်ဆိုရင် သူတို့ ဒီလိုတောငိးဆိုရဲံမလားသိချငိလိုက်တာ။ ဒီမိုကရေစီက ကျွန်တော်တို့ကို demanding person (သူတို့လို )ဖြစ်အောင်တွန်းပို့မှာလား။ ကျွန်တော်တို့ ကရိုးရိုးအေးအေးနေတတ်တော့ ဒီစနစ်နဲ့အဆင်ပြေပါ့မလား။demanding person ဖြစ်မှ ဒီမိုကရေစီထွန်းကားမှာလား။

ဒါကြောင့် ဒီကိစ္စတွေပြီးတာနဲ့ UN ကိုအထင်မကြီးတော့ပါဘူး။
သူတို့ ( project မှာတာဝန်ကျသော UN officers )က ပရောဂျက် (သို့) ရည်မှန်းချက်အောင် မြင်ရင် ဘယ်နည်းလမ်းမဆို ကောင်းတယ် ( the end justifies the means ) ဆိုတဲ့ ၁၅ ရာစု အီတလီ တွေးခေါ်ပညာရှင် မက်ခီရာဗယ်လီ ရဲ့ဆိုရိုးအတိုင်း follow လိုက်နေသလိုဘဲ။ငါတို့ ပရောဂျက် အောင်မြင်ဖို့ အတွတ် မင်းတို့ အင်ဂျီအို တွေက ကန်ထရိုက်အတိုင်းဆောင်ရွက်ပေး ။မလုပ်ပေးနိုင်ရင် ငါတို့အပြစ်မဟုတ် မင်းတို့တာဝန်မကျေလို့ ဒီရလဒ်ထွက်လာတာ စသည်ဖြင့် ယူဆနေသလိုဘဲ။ တော်ပါ ။လိမ့်လိုက်တော့ မောင်းမင်းများ ။

ဤပိုစ်ဖြင့် ဂုဏ်သိက္ခာကျဆင်းခံ၍ နာဂစ်ပြန်လည်ထူထောင်ရေးအတွက် ကူညီခဲ့သောမြန်မာအစိုးရအရာရှိများအား အနူးအညွတ်တောင်းပန်အပ်ပါသည်။